No (2) Basic Education High School Insein
မတရားသဖြင့် အာဏာသိမ်းမှုအပေါ် အထက(၂)အင်းစိန်ကျောင်းသား/သူများမှ သဘောထားထုတ်ပြန်ခြင်း
အထက(၂)အင်းစိန်ကျောင်းသား/သူများ
ရက်စွဲ : 2021 ခုနှစ် ၊ ဖေဖော်ဝါရီလ (၄) ရက်
"စစ်တပ်မှ မတရားသောနည်းဖြင့် အာဏာသိမ်းယူခြင်းအပေါ် ကန့်ကွက်ခြင်း"
၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်မှ နိုင်ငံတော်၏ အာဏာကို လက်နက်အားကိုးဖြင့်
ပြည်သူများက မဲပေးရွေးချယ်ထားသော အစိုးရကို ဖမ်းဆီးကာ ပြည်သူ့အာဏာကို မတရားသိမ်းယူခဲ့ပါသည် ။
ထိုမတရားလုပ်ရပ်အား အထက(၂)အင်းစိန်ကျောင်းသား/သူများမှ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါသည် ။
ပြည်သူများမှ ရွေးချယ်ထားသော ပြည့်သူခေါင်းဆောင်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို
မတရားသောနည်းဖြင့် ဖမ်းဆီးချုပ်နှောင်ထားခြင်းသည် ပြည်သူ့ထံမှ ဆင်းသက်လာသော အာဏာကို ပျက်စီးစေပြီး
ပြည်သူ့လုထုအား စော်ကားလိုက်ခြင်းပင်ဖြစ်ပါသည် ။
ကျွန်ုပ်တို့ အထက(၂)အင်းစိန်ကျောင်းသား/သူများသည်လည်း
စစ်မှန်တရားမျှတ၍ ပြည်သူလုထုလိုလိုလားလား ရွေးချယ်တင်မြှောက်သော
နိုင်ငံခေါင်းဆောင်များ ၊ ပြည်သူလူထုဆန္ဒနှင့် တစ်သားတည်းပင်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည် ။